Saturday, June 5, 2010

မြန်မာပြည်တွင် ဆင်းရဲနွမ်းပါးကြခြင်း ... မိဘမဲ့ခြင်းတို့ ကြောင့် ပညာမသင်ကြားနိုင်ကြသော
ကလေးများအား အခြေခံပညာများကို အခမဲ့သင်ကြားပေးနေကြသော ပြည်နယ်နှင့်တိုင်း အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ... ပြည်ပရောက် မြန်မာပြည်ဖွား မြန်မာနိုင်ငံသားများ သိရှိကြစေရန်အတွက် ဒီနေရာမှ တန်ဖိုးထားစွာဖြင့် စုစည်းတင်ပြပေးလိုက်ပါသည်။
အထက်မှာတင်ပြထားသော ကျောင်းအရေအတွက်နှင့် ကျောင်းသားအရေအတွက် ဇယားများသည်
ရန်ကုန်တိုင်းအတွင်းရှိ " ဘက " ကျောင်းများနှင့် ၎င်းကျောင်းများမှ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း
အခမဲ့ ပညာသင်ကြားပေးခဲ့သော ကျောင်းသားအရေအတွက်များဖြစ်ပါသည်။


ရန်ကုန်တိုင်းအတွင်း ခရိုင် ( ၄ ) ခုမှာ " ဘက " ကျောင်းပေါင်း ( ၁၇၀ ) ရှိပါသည်။
ကျွန်တော်ထံမှာ ကျောင်းပေါင်း ( ၁၇၀ ) ရဲ့  အကြောင်းအရာ အချက်အလက်များ ပြည့်စုံစွာ

ရှိနေသော်လည်း... ဒီနေရာမှာ ကျောင်းပေါင်း ( ၁၇၀ )ကို တကျောင်းခြင်းအလိုက် အသေးစိပ်ပြုလုပ်ပြီး
တင်ပြပေးရန် အခက်အခဲရှိနေပါ၍ ခရိုင်တခုခြင်းအနေဖြင့်သာ စုပေါင်းတင်ပြပေးလိုက်ပါသည်။